Latest Highlight

မြန်မာ့လွှတ်တော်အတွင်းရိုဟင်ဂျာအရေးထုတ်ဖော်ပြောဆိုချက်များ အပေါ် သဘောထားထုတ်ပြန်ချက်။


မြန်မာ့လွှတ်တော်အတွင်းရိုဟင်ဂျာအရေးထုတ်ဖော်ပြောဆိုချက်များအပေါ်

သဘောထားထုတ်ပြန်ချက်။

ရက်စွဲ့။ ၁၄.၀၉.၂၀၁၁

မကြာမီရက်ပိုင်းအတွင်း ကျင်းပပြီးစီးခဲ့သော မြန်မာနိုင်ငံ ဦးသိန်းစိန်အစိုးရ၏ ပထမအကြိမ် အမျိုးသားလွှတ်တော်၊ ဒုတိယ ပုံမှန်အ စည်းအဝေး၌ ရခိုင်ပြည်နယ်ရှိ မူဆလင်(မ်)ရိုဟင်ဂျာများ တွေ့ကြုံနေရသည့် အခက်အခဲ(လူ့အခွင့်အရေးချိုးဖောက်မူများ) နှင့်စပ် လျဉ်းသည့် ရိုဟင်ဂျာလွှတ်တော်အမတ်များမှ စုံစမ်းမေးမြန်းချက်များအပေါ် ၀န်ကြီးအသီးသီးမှ ရှင်လင်းဖြေကြားမှုများနှင့်ပတ်သက်၍ နိုင်ငံတကာရိုဟင်ဂျာအဖွဲ့များမှ အောက်ပါအတိုင်းပူးတွဲ သဘောထားထုတ်ပြန်လိုက်ပါသည်။


၁။         ၀န်ကြီးများ၏ ရှင်းလင်းဖြေကြားမှုများသည် လူမျိုးမုန်းတီးမှုများနှင့် ရိုဟင်ဂျာတို့၏ အခွင့်အရေးရပိုင်ခွင့်များကို ဆက်လက် ငြင်းဆန်ရန် အကြောင်းပြချက်များ တမင်ဖန်တီးပြောဆိုခြင်း မျှသာလျှင်ဖြစ်ပါသည်။ နိုင်ငံ့အစိုးရတစ်ရပ်အနေဖြင့် လွှတ်တော်ညီ လာခံအတွင်း လူမျိုးစုလူနည်းစု တစ်ရပ်နှင့်စပ်လျဉ်း၍ ထိုသို့ အဆင့်အတန်းနိမ့်ကျစွာ ရိုင်းရိုင်းစိုင်းစိုင်း လိမ်လည်ပြောဆိုမှုများသည် လူမှုရေးဖောက်ပြန်ခြင်းဖြစ်ပြီး တစ်စုံတစ်ရာအခြေအမြစ်မရှိပေ။ ထို့ကြောင့် ဦးသန်းစိန်အစိုးရအဖွဲ့တစ်ခုလုံးအား ယင်းကဲ့သို့တမင်တ ကာပြောဆိုမှုများအတွက် ပြင်းထန်စွာရှုတ်ချလိုက်ပါသည်။


၂။         အဏာရှင်နေ၀င်းလက်ထက်မှစ၍ စစ်အစိုးရအဆက်ဆက်သည် ယင်းကဲ့သို့ မမှန်မကန် ဇာတ်လမ်းများ လုပ်ကြံဖန်တီးပြီး ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးသန့်စင်ရေးပေါ်လစီများ စနစ်တကျချမှတ်ကာ လူ့အခွင့်အရေးများကို နည်းမျိုးစုံဖြင့် ချိုးဖောက်ခြင်း၊ ဒေသတွင်းရှိ ရခိုင်-ရိုဟင်ဂျာ တိုင်းရင်းသားညီအစ်ကိုများအကြား နည်းမျိုးစုံသွေးခွဲကာ ရန်သူများသဖွယ် ဆက်ဆံစေရန် ဖန်တီး လုပ်ဆောင်နေလာသည်မှာ ရာစုနှစ်ဝက်ခန့် ရှိနေပြီးဖြစ်ပါသည်။


၃။         ယခုအခါ ဦးသိန်းစိန်အစိုးရ ၀န်ကြီးများ၏ တာဝန်မဲ့လိမ်လည်ထွက်ဆိုမှုများသည် ဒေသခံရိုဟင်ဂျာလူမျိုးတို့၏ အခွင့်အရေးနှင့် လွတ်လပ်မှု၊ နိုင်ငံသားဖြစ်မှုနှင့် အတည်တကျ အိုးအိမ်ဆောက်နေထိုင်ခြင်းတို့ကို ခြိမ်းခြောက်ခြင်းဖြစ်ပါသည်။



၎။         အဆိုပါ ၀န်ကြီးများသည် မောင်းတောခရိုင်အတွင်းနေထိုင်သူများအား အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် စိမ့်ဝင် လာသူ ဘင်္ဂါလားဒေ့ခ်ျနိုင်ငံသားများ/ဘင်္ဂါလီများဖြစ်သည်ဟူသော တာဝန်မဲ့ ထွက်ဆိုမှုများသည် ရိုဟင်ဂျာတို့၏ သမိုင်းအချက်အ လက်ဆိုင်ရာ မှတ်တမ်းများကို ငြင်းဆန်သည့်အပြင် နှစ်စဉ်ထုတ်ပြန်လျက်ရှိသည့် အပြည်ပြည်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများနှင့် အစိုးမဟုတ်သည့်အဖွဲ့အစည်းများ၏ အစီရင်ခံစာများနှင့်လည်း လုံးဝဆန့်ကျင်ကွဲလွဲနေပါသည်။
အမှန်မှာ ၁၉၄၂ ခုမှစ၍ ဖိနှိပ်ချုပ်ချယ်မူကြောင့်ရိုဟင်ဂျာလူမျိုးများသည် တိုင်းတပါးနိုင်ငံများသို့ ထွက်ပြေးခိုလှုံနေရသည့် ဦးရေးမှာ ဆယ့်ငါးသိန်းနီးပါရှိပေသည်။ ထို့အပြင်အထက်ပါပြောဆိုခဲ့သည်အတိုင်း ရိုဟင်ဂျာများသည် တဖက်နိုင်ငံမှ ခိုးဝင်နေထိုင်သူ ဘင်္ဂါလီ များဖြစ်သည်ဆိုပါက ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ်ကာလအတွင်း ယင်းတို့အပေါ် ကန့်သတ်ချုပ်ချယ်မှုမှန်သမျှ ရုပ်သိမ်းပေးပြီး၊ အခွင့်အရေးအားလုံး ပေးဆောင်သွားမည်ဟု ဦးသိန်းစိန်အပါအ၀င် ၀န်ကြီးအတော်များများက အဘယ်အတွက်ကြောင့် ကတိက ၀တ်များ ပေးဆောင်ခဲ့ရသည်ကို မီးမောင်းထိုးပြလိုပါသည်။
  
၅။         ယခုတဖန် ဦးသိန်းစိန်အစိုးရ ၀န်ကြီးများသည် ယင်းကဲ့သို့ မျာက်နှာဗြောင်ထိုက် လိမ်လည်ပြောဆိုခြင်းဖြင့်  ရိုဟင်ဂျာတို့ အား နိုင်ငံခြားသားသဖွယ် ပုံစံ(၄)ဖြင့် ခရီးသွားလာခြင်းပြုရန် ပြောဆိုနေခြင်းသည် ရိုဟင်ဂျာတစ်ရပ်လုံးအား နိုင်ငံခြားသားများဟု ပြောဆိုသတ်မှတ်ရာရောက်ပြီး၊ လူသားတို့အား အိုးအိမ်မဲ့၊ နိုင်ငံမဲ့ဖြစ်စေရာမှ ဟန့်တားအကာအကွယ်ပေးခြင်းဟူသော နိုင်ငံတကာ သဘောတူညီချက်များနှင့် လုပ်ထုံးလုပ်နည်းများကို ကြီးကြီးကျယ်ကျယ် ချိုးဖောက်ခြင်း၊ လူမှုနှင့်ဆန့်ကျင်သည့် ပြစ်မှုများကို ကျူး လွန်သည့်အတွက် ဦးသိန်းစိန်အစိုးရအား ခါးသီးစွာ ပြစ်တင်လိုက်ပါသည်။


၆။         ဆက်လက်၍ ၀န်ကြီးများမှ တဖက်နိုင်ငံသို့ထွက်ပြေးသူများ ပြန်လည်ခိုးဝင်လာပြီး ယင်းတို့၏ အမျိုးသမီးများနှင့် ပေါင်း သင်းနေထိုင်ခြင်းအား တရားမ၀င်ပေါင်းသင်းနေထိုင်ခြင်းဟုပြော၍ ယင်းတို့မှမွေးဖွားလာသော ကလေးသူငယ်များကို တရားမ၀င် ကလေး (Black list baby) ဟု သုံးနှုန်းထားပါသည်။ ဤအချက်သည် အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များ၏ မွေးရာပါအခွင့်အ ရေးဟူသော ဆောင်ပုဒ်အား ဗြောင်ဗြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ပါသည်။


၇။         အပြည်ပြည်ဆိုင်ရာ ထုံးတမ်းဓလေ့ဥပဒေနဲ့ ဆန့်ကျင်ပြဌါန်းထားသည့် ၁၉၈၂ မြန်မာနိုင်ငံသားဖြစ်မူဥပဒေသည် အထူးသ ဖြင့် ရိုဟင်ဂျာလူမျိုးများအား နိုင်ငံသားအဖြစ်မှ ငြင်းဆိုရန် ဖန်တီးရေးသားထားသည့် ဥပဒေဖြစ်ရာ၊ ယခုအခါ ထိုဥပဒေအရ ဆက် လက်ဆောင်ရွက်သွားမည်ဟု တင်ပြပြောဆိုခြင်းသည် ရိုဟင်ဂျာတို့၏ နိုင်ငံသားဖြစ်မှုကို ဆက်လက်ငြင်းဆိုခြင်းသာမက၊ ဘင်္ဂလား ဒေ့ရှ် အစိုးရအပါအ၀င် ပြည်သူတစ်ရပ်လုံးကိုပါ စော်ကားရာရောက်ပါသည်။


၈။         ဦးသိန်းစိန်၏၀န်ကြီးများမှ ရိုဟင်ဂျာလူမျိုးများသည် ဘင်္ဂါလီများနှင့် ရုပ်ရည်၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အစဉ်အလာများ စသည်တူညီသည်ကို နှိုင်းယှဉ်ပြီး ယင်းတို့အားဘင်္ဂါလီဒေ့ရှ်နိုင်ငံသားဟု ပြောဆိုခဲ့ပါသည်။ သို့သော် မြန်မာနိုင်ငံ သည် လူမျိုးစုံနေထိုင်သောနိုင်ငံဖြစ်ရာ နယ်စပ်တလျှောက်တွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများ (ကချင်၊ကယား၊ ကရင်၊ချင်း၊မွန်၊ရခိုင်၊ရှမ်းစသဖြင့်) မှာ နယ်စပ်တဖက်ကမ်းတွင် နေထိုင်သူများနှင့် ယဉ်ကျေးမှုဘာသာစကား၊ ထုံးတမ်းဓလေ့များ တူညီကြသည်မှာ သမိုင်းသက်သေခံ ဓမ္မတာပင်ဖြစ်သည်။ ထို့အတူ ပြည်ထောင်စုဖွား တိုင်းရင်းသားရိုဟင်ဂျာများအား ဘင်္ဂလား ဒေ့ရှ်နိုင်ငံသားများဖြစ်သည်ဟု စွပ်စွဲပြောဆိုခြင်းသည် USDP အစိုးရ၏ ရိုဟင်ဂျာလူမျိုးများ သုတ်သင်ရေးပေါ်လစီကို ဆက်လက် ကျင့်သုံးမည်ဖြစ်ကြောင်း ခြိမ်းခြောက်မူသာဖြစ်သည်။


၉။         ၀န်ကြီးများသည် ရိုဟင်ဂျာများအား လုံးဝမျိုးသုဉ်းစေမည့်စီမံကိန်းကို အမျိုးသားလုံခြုံရေး အဆင့်အထိသတ်မှတ်ကာ အဆင့်အတန်း ယုတ်နိမ့်စွာဖြေကြားလိုက်ခြင်းသည် အစွန်းရောက်ဝါဒီအာဏာရှင်များပီပီ ရိုဟင်ဂျာလူမျိုးအား မည်မျှရွံရှားမုန်းတီး သည်ကို ထုတ်ဖော်ပြသလိုက်ခြင်း ဖြစ်ပါသည်။

ဤခြိမ်းခြောက်မူမှာ ဒေသတွင်းအပါအဝင် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိုလည်း ထိပါးရာရောက်ကြောင်း စိုးရိမ်းမကင်း ဖြစ်ရပါသည်။ ထို့အတူ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများ၊ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံ များနှင့် အစ္စလာမစ်နိုင်ငံများ (OIC)အဖွဲ့မှ ဦးသိန်းစိန်အစိုးအပေါ် ထိထိရောက်ရောက် ဖိအားပေးရန်၊ ရိုဟင်ဂျာများအား မိမိတို့ရင် ဆိုင်နေရသည့် မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုမှ အချိန်မှီ အာကာအကွယ်ပေးပါရန်နှင့် လိုအပ်သည့် အကူအညီအ ရပ်ရပ်ကို ပေးဆောင်ကြပါရန် လေးနက်စွာ တောင်းဆိုလိုက်ပါသည်။ တဆက်တည်းမှာ ဦးသိန်းစိန်အစိုးရမှ ရိုဟင်ဂျာများ၏ လူအ ခွင့်အရေးနှင့် လွတ်လပ်မှု၊ နိုင်ငံသားအခွင့်အရေးနှင့် တိုင်းရင်းသားအခွင့်အရေးများကို အမြန်ဆုံးပြန်လည် ပေးဆောင်ရန် တောင်း ဆိုလိုက်ပါသည်။


ဤထုတ်ပြန်ချက်ကို အောက်ပါရိုဟင်ဂျာအဖွဲ့ အစည်းများက တညီတညွတ်တည်း ပူးတွဲထုတ်ပြန်လိုက်ပါသည်။

၁)အာရ်ကန်ရိုဟင်ဂျာအမျိုးသားအဖွဲ့                                    
၂) မြန်မာရိုဟင်ဂျာများအဖွဲ့ ယူကေ
၃) ရိုဟင်ဂျာဒီမိုကရေစီအဖွဲ့ ချုပ်(မြန်မာ)
၎) မြန်မာရိုဟင်ဂျာများအသင်း ဂျပန်                             
၅) သြစတြေးလျား မြန်မာရိုဟင်ဂျာများအဖွဲ့ 
၆) နော်ဝေ မြန်မာရိုဟင်ဂျာများအဖွဲ့ 
၇) ကနေဒီယန်မြန်မာရိုဟင်ဂျာများအဖွဲ့ 
၈) လွတ်လပ်သောရိုဟင်ဂျာလှုပ်ရှားမှုအဖွဲ့ 





ဆက်သွယ်ရန်။ ။
ထွန်းခင် -    + ၄၄ ၇၈၈၈၇၁၄၈၆၆
ကိုကိုလင်း-  + ၈၈ ၀၁၇၂၆၀၆၈၄၁၃
နေဆန်းဦး- +၁ ၆၄၆ ၈၂၁ ၁၄၇၅


Write A Comment

Rohingya Exodus