Latest Highlight

ဒေါ်အောင်ဆန်းစုကြည်နေပြည်တော် တွေ့ဆုံပွဲ


ဒေါ်အောင်ဆန်းစုကြည်၁၉ ရက်နေ့ တွေ့ဆုံပွဲ ဓာတ်ပုံ



မြန်မာ့ရုပ်မြင်သံကြားက ဒီည ၈း၀၀ နာရီမှာ ထုတ်လွှင့်သွားတဲ့ နေပြည်တော်က အံ့အားသင့်စရာ တွေ့ဆုံပွဲကို ကူးယူ မှတ်တမ်းတင်ထားတာပါ။ နံရံမှာ ချိတ်ထားတဲ့ပုံက ခေါင်းပေါင်း၊ တိုက်ပုံ ၀တ်ဆင်ထားတဲ့ ဦးအောင်ဆန်းရဲ့ဓာတ်ပုံ ဖြစ်နေတာကတော့ ဒီကနေ့အတွက် ဒုတိယမြောက် အံ့အားသင့်မှု ဖြစ်ပါလိမ့်မယ်။
email နဲ့ ရောက်လာတဲ့ စာတစောင်ကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်နဲ. သမ္မတဦးသိန်းစိန် တွေ.ပြီး နက်ဖန် နေပြည် တော် စီးပွားရေးဖိုရမ်တက်မည်

ဒီနေ. ဒေါ်အောင်ဆန်းစုကြည်နဲ. ဦးသိန်းစိန် ၁ နာရီနီးပါး နေပြည်တော် သမ္မတအိမ်တော်မှာ တွေ.ဆုံခဲ.ပါတယ်။ ဦးသိန်းစိန်နဲ.အတူ သမ္မတကတော်ရယ် သမ္မတရုံးအဖွဲ.ညွှန်ကြားရေးမှူးတို.လည်း တွေ.ဆုံပွဲမှာရှိတယ် ဆွေးနွေးပွဲကနွေးနွေးထွေးရှိတယ်လို.သိရပါတယ်။ MRTV က ဒီသတင်းကို ထုတ်လွှင်.တော. “မတူတာတွေဖယ်ပြီး တူတာတွေကို ဘုံအကျိုးစီးပွားအတွက် တွဲပြီး လုပ်ဆောင်သွားမယ်လို.” ကြေညာသွားပါတယ်။

ဒေါ်စုကနေပြည်တော်မှာ လှည်.ကြည်.တယ် ဆိုတဲ. သတင်းကတော.မမှန်ပါဘူး၊ ဒီညနေပြည်တော်မှာ အိပ်ပြီး နက်ဖန် နေပြည်တော်စီးပွားရေးဖိုရမ်ကို ခနတက်မယ် လို. သိရပါတယ်"




မနေ့ကတော့ ပုံက တီဗီက ယူတာမို့ ရှင်းရှင်းလင်းလင်း မရှိလှပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ရှင်းလင်းတဲ့ ဓာတ်ပုံကို ဖော်ပြပေးလိုက်ပါတယ်။ ဗိုလ်ချုပ်ပုံအောက်မှာ “အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း” လို့ စာတန်းထိုးတာတွေ့ပါတယ်။ စာသင်ကျောင်းတွေ ရုံးတွေမှာ ဗိုလ်ချုပ်ပုံ မမြင်ရတာ ကြာပါပြီ။ ခုမှပြန်တွေ့ရတာ ဆန်းပါတယ်။ ဘာသဘောလဲဆိုတာတော့ သမ္မတကြီးနှင့် အပေါင်းအပါများသာ သိမှာပါပဲ။


ဒေါ်အောင်ဆန်းစုကြည် တက်ရောက်တဲ့ မနေ့ကပွဲ

အစိုးရရဲ့ မြန်မာ့အလင်းသတင်းစာမှာတော့ မနေ့က ကျင်းပတဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲရေး အလုပ်ရုံ ဆွေးနွေးပွဲ ဓာတ်ပုံတချို့ ဖော်ပြထားပါတယ်။ အေပီသတင်းဌာနက တက်လာတဲ့ ဓာတ်ပုံတချို့ကိုလည်း ဖော်ပြလိုက်ပါတယ်။


သမ္မတရဲ့ စီးပွားရေး အကြံပေး ဒေါက်တာ ဦးမြင့်၊ ဒေါ်အောင်ဆန်းစုကြည်

သမ္မတ မိန့်ခွန်း

ဒေါက်တာ ဦးမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့က ရင်းနှီးကြပါတယ် 
 
 
 credit :Irrawaddy Blog

Write A Comment

Rohingya Exodus