March 16, 2025

News @ RB

Announcement of New Website: Rohingya Today (RohingyaToday.Com) Dear Readers, From 1st January 2019 onward, the Rohingya News Portal 'Rohingya Blogger' will be renamed and upgraded as 'Rohingya Today'. Due to this transition to a new name, our website will be available at www.rohing...

Rohingya News @ Int'l Media

Maung Zarni, leader of the Free Rohingya Coalition, speaks at a news conference at the Foreign Correspondents' Club of Japan in Tokyo on Thursday. | CHISATO TANAKA By Chisato Tanaka, Published by The Japan Times on October 25, 2018 A leader of a global network of activists for Rohingya Mu...

Myanmar News

By Sena Güler | Published by Anadolu Agency on December 1, 2018 Maung Zarni says he will boycott Beijing-sponsored events until the country reverses its 'troubling path' ANKARA -- A human rights activist and intellectual said he withdrew from a Beijing-sponsored forum in London to pro...

Video News

...

Article @ RB

Oskar Butcher RB Article October 6, 2018 Every night in an unassuming shop space located in Mandalay’s 39thStreet, Lu Maw and Lu Zaw – the remaining members of the Burma’s most famous comedy trio, the Moustache Brothers – present their show: a curious combination of comedy, political sa...

Article @ Int'l Media

A demonstration over identity cards at a Rohingya refugee camp in Bangladesh in April, 2018. Image: NurPhoto/SIPA USA/PA Images. By Natalie Brinham | Published by Open Democracy on October 21, 2018 Wary of the past, Rohingya have frustrated the UN’s attempts to provide them with documenta...

Analysis @ RB

By M.S. Anwar | Opinion & Analysis The Burmese (Myanmar) quasi-civilian government unleashed a large-scale violence against the minority Rohingya in the western Myanmar state of Arakan in 2012. The violence, which some wrongly frame as ‘Communal’, was carried out by the Burmese armed forces...

Analysis @ Int'l Media

By Maung Zarni, Natalie Brinham | Published by Middle East Institute on November 20, 2018 “It is an ongoing genocide (in Myanmar),” said Mr. Marzuki Darusman, the head of the UN Human Rights Council-mandated Independent International Fact-Finding Mission at the official briefing at ...

Opinion @ RB

Rohingya refugees who fled from Myanmar wait to be let through by Bangladeshi border guards after crossing the border in Palang Khali, Bangladesh October 9, 2017. REUTERS/Damir Sagolj MS Anwar RB Opinion November 12, 2018 Some may differ. But I believe the government of Bangladesh is ...

Opinion @ Int'l Media

By Maung Zarni | Published by Anadolu Agency on December 15, 2018 US will not intercede, and Myanmar's neighbors see it through economic lens, so international coalition for Rohingya needed LONDON -- The U.S. House of Representatives Thursday overwhelmingly passed a resolution ca...

History @ RB

Aman Ullah  RB History August 25, 2016 The ethnic Rohingya is one of the many nationalities of the union of Burma. And they are one of the two major communities of Arakan; the other is Rakhine and Buddhist. The Muslims (Rohingyas) and Buddhists (Rakhines) peacefully co-existed in the A...

Rohingya History by Scholars

Dr. Maung Zarni's Remark: The best research on Rohingya history: British Orientalism which created the pseudo-scientific biological notion of "Taiyinthar" or "real natives" of #Myanmar caused that country's post-colonial cancer of official & popular genocidal Racism.  This co...

Report @ RB

(Photo: Soe Zeya Tun, Reuters) RB News  October 5, 2013  Thandwe, Arakan – Rakhinese mob in Thandwe started attacking Kaman Muslims on September 28, 2013. As a result, 5 Kaman Muslims were mercilessly killed and 1 was died in heart attack while escaping the attack. 781 Kaman Mus...

Report by Media/Org

Rohingya families arrive at a UNHCR transit centre near the village of Anjuman Para, Cox’s Bazar, south-east Bangladesh after spending four days stranded at the Myanmar border with some 6,800 refugees. (Photo: UNHCR/Roger Arnold) By UN News May 11, 2018 Late last year, as violent repressi...

Press Release

(Photo: Reuters) Joint Statement: Rohingya Groups Call on U.S. Government to Ensure International Accountability for Myanmar Military-Planned Genocide December 17, 2018  We, the undersigned Rohingya organizations worldwide, call for accountability for genocide and crimes against...

Rohingya Orgs Activities

Petition

Campaign

A human rights activist and genocide scholar from Burma Dr. Maung Zarni visits Auschwitz-Birkenau Nazi Extermination Camp and calls on European governments - Britain, France, Sweden, Norway, Italy, Denmark, Hungary and Germany not to collaborate with the Evil - like they did with Hitler 75 ye...

Event

...

Editorial by Int'l Media

By Dhaka Tribune Editorial November 5, 2017 How can we answer to our conscience knowing full-well what the Myanmar military is doing to the innocent Rohingya minority -- not even sparing children or pregnant women? Despite the on-going humanitarian crisis involving Rohingya refugees ...

Interview

Open Letter

RB Poem

Book Shelf

အာရပ်လှိုင်းစီးသူများ

အာရပ်နိုင်ငံတွေမှာ အောင်ပွဲခံခဲ့၊ အောင်ပွဲခံဖို့ အားထုတ်နေတဲ့ အာဏာရှင်အစိုးရဖြုတ်ချရေး တော်လှန်ရေးလှိုင်း ကို မြန်မာပြည်မှာလဲစီးဖို့ လိုလား ကြိုးစားနေကြသူတွေ မနည်းမနော ရှိနေပါတယ်။ အခုအခါ အာရပ်လှိုင်းကို ကမ္ဘာ့နိုင်ငံ ပေါင်း ၅၂ နိုင်ငံမှာ စီးခဲ့ပြီဖြစ်ပေမဲ့ ကမ္ဘာ့ဝါရင့်အာဏာရှင်နိုင်ငံ မြန်မာပြည် ကျန်နေပါသေးတယ်။ အခု ဆောင်းပါးမှာ အာရပ်လှိုင်းစီးခဲ့တဲ့နိုင်ငံတွေကို တတ်နိုင်သလောက် စာရင်းကောက်ထားပါတယ်။
၁။ ၂၀၁၀ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်။ အရှေ့အလယ်ပိုင်းက အာရပ်နိုင်ငံတခုဖြစ်တဲ့ ကျူနီးရှားနိုင်ငံမှာ အာဏာရှင် လက်ပါးစေ ပုလိပ်မတယောက်ရဲ့ နှိပ်စက်မှုတွေကို မခံနိုင်တော့တဲ့အဆုံး ဘွဲ့ရအလုပ်လက်မဲ့ တဖြစ်လဲ ဟင်းရွက်စုံ တွန်းလှည်းသမားလေး မိုဟာမက် ဘွာဇီဇီ ဟာ ကိုယ့်ကိုယ်ကို မီးရှို့သတ်သေခဲ့ရာကနေ ကျူနီးရှားတော် လှန်ရေး ပေါက်ဖွားလာခဲ့ပြီး ၂၈ ရက်အကြာ ၂၀၁၁ ခု ဇန်နဝါရီ ၁၄ ရက်မှာ အာဏာရှင်သမတ ဘင်အလီ ထွက်ပြေး သွားတဲ့အတွက် ဒီမိုကရေစီလိုလားသူတွေ အောင်ပွဲရသွားခဲ့ပါတယ်။ ဒီလူထုတိုက်ပွဲအတွင်း လူ ၂၀၀ ကျော် ပစ်သတ် ခံခဲ့ရပါတယ်။

ဒီမိုကရေစီဆိုလို့ မူးလို့တောင်ရှူစရာမရှိဘဲ အာဏာရှင်တွေနဲ့ သက်ဦးဆံပိုင်ပဒေသရာဇ်တွေကြီးစိုးတဲ့ အာရပ်ကမ္ဘာ၊ အကြမ်းဖက်ဝါဒ အားပေးတယ်ဆိုတဲ့ အစ္စလမ်အာရပ်ကမ္ဘာမှာ ကြုံတောင့်ကြုံခဲ ဒီမိုကရေစီတော်လှန်ရေးတခု အောင် ပွဲခံသွားတာဟာ အာဏာရှင်တွေရဲ့ဖိနှိပ်ချုပ်ချယ်မှုတွေကို အံကြိတ်ခံနေရတဲ့ ဘဝတူအာရပ်နိုင်ငံတွေကို ဂယက်ရိုက် သွားခဲ့ပါတယ်။
၂။ ဒီလိုနဲ့ ၂၀၁၁ ခု ဇန်နဝါရီ ၂၅ ရက်မှာ အီဂျစ်တော်လှန်ရေး စခဲ့ပြီး ဖေဖော်ဝါရီ ၁၁ ရက်မှာ အာဏာရှင် မူဘာရတ် ရာထူးက ဆင်းပေးခဲ့လို့ ဒီမိုကရေစီသမားတွေ ပဏာမအောင်ပွဲ ရသွားခဲ့ပါတယ်။ လူပေါင်း ၉၀၀ နီးပါး အသက်ဆုံးခဲ့ ပါတယ်။
၃။ ဒီနောက် လစ်ဗျားနိုင်ငံမှာ အာဏာရှင်ကဒါဖီဆန့်ကျင်ရေး တော်လှန်ရေး ဖေဖော်ဝါရီ ၁၈ ရက်မှာစခဲ့ပြီး အာဏာ ရှင်ရဲ့ ရက်ရက်စက်စက်အကြမ်းဖက် သတ်ဖြတ်မှုကြောင့် လူထုတိုက်ပွဲ အဖြစ်ကနေ လက်နက်ကိုင်တိုက်ပွဲ အဖြစ် ပြောင်းလဲသွားပြီး ဒီကနေ့ထိ အာဏာရှင် နဲ့ ဒီမိုကရေစီဘက်သားတွေ အပြင်းအထန် လက်နက်ကိုင် တိုက်နေ ဆဲ ဖြစ်ပါတယ်။ အခုထိဆိုရင် လူပေါင်း ၁၃၀၀၀ လောက်သေခဲ့ပါပြီ။
၎။ မြန်မာပြည်ကရွှေ့ပြောင်းအလုပ်သမားတွေ တော်တော်များများရှိတဲ့ ဘာရိန်းကျွန်းနိုင်ငံလေးမှာလဲ ဖေဖော်ဝါရီ ၁၄ ရက်မှာ လူထုတိုက်ပွဲ စခဲ့ပါတယ်။ သက်ဦးဆံပိုင်ပဒေသရာဇ်ဘုရင် အယ်လ်ခါလီဖာက ရက်ရက်စက်စက် သတ်ဖြတ် နှိမ်နင်းတဲ့ကြားက ဇွဲနဘဲနဲ့ တော်လှန်ရေးလုပ်ခဲ့တဲ့အတွက် နောက်ဆုံးမှာ အိမ်နီးနားချင်းပဒေသရာဇ်နိုင် ငံတွေကို အ ကူအညီတောင်း၊ စစ်တပ်တွေခေါ်ပြီး မတ်လ ၁၄ ရက်မှာ အကြီးအကျယ်နှိမ်နင်းခဲ့ပါတယ်။ လူထုဆန္ဒပြ ပွဲတွေအတွင်းမှာ စစ်တပ်နဲ့ပုလိပ်တွေ ပစ်ခတ်နှိမ်နင်းမှုကြောင့် ဒဏ်ရာရသူတွေကို ဆေးကုပေးခဲ့တဲ့ ဆရာဝန်တွေ သူနာပြု ဆရာမ တွေကိုပါ ပဒေသရာဇ်အာဏာရှင်က ဖမ်းဆီးထောင်ချခဲ့ပါသေးတယ်။ လူ ၄၀ လောက် အသက်ဆုံး ခဲ့ပါတယ်။ မတန်တဆအင်အားနဲ့ နှိမ်နင်းခံရလို့ မတတ်သာဘဲ ငြိမ်နေရပေမဲ့ ဆက်တိုက်မယ့်အခြေအနေ ရှိပါတယ်။
၅။ ယီမင်နိုင်ငံမှာလဲ ဇန်နဝါရီလလယ်မှာ အာဏာရှင် သမတ အလီဆာလယ် ကို တော်လှန်တဲ့ လူထုတိုက်ပွဲတွေ ပေါ် ထွက်လာခဲ့ပါတယ်။ သမတ ဆာလယ်ကလဲ ပြင်းပြင်းထန်ထန် ပစ်ခတ်သတ်ဖြတ်နှိမ်နင်းခဲ့လို့ အခုထိ လူပေါင်း ၁၀၀၀ လောက် အသတ်ခံခဲ့ရပြီး ဖြစ်ပါတယ်။ မေလထဲမှာတော့ တချို့နေရာတွေမှာ လူထုတိုက်ပွဲဟာ လက်နက်ကိုင် တိုက်ပွဲအဖြစ် ဖြစ်ထွန်းသွားခဲ့ပြီး အခုနောက်ဆုံးအခြေအနေကတော့ တိုက်ပွဲပုံစံ ၂ မျိုးပေါင်းစပ် တိုက်ပွဲဝင်နေတဲ့ သဘော ရှိပါတယ်။
ကျူနီးရှားနဲ့ အိဂျစ်လူထုတိုက်ပွဲတွေ အတိုင်းအတာတခုအထိ အေးအေးဆေးဆေးနဲ့ အောင်မြင်သွားပြီး အမေရိကန် ဆန့်ကျင်ရေးသမားလစ်ဗျားမှာတော့ သွေးချောင်းစီးနေတာ တွေ့တဲ့အခါ တချို့လေ့လာသူတွေက အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေမှာ စီးပွားရေးပိတ်ဆို့မှုမရှိလို့ အမေရိကန်နဲ့ စီးပွားရေးအပါအဝင် ဘက်ပေါင်းစုံအဆက်အ သွယ် တွေလဲရှိ၊ စစ်တပ်တွေကလဲ အမေရိကန်စစ်တပ်နဲ့ အဆက်အဆံရှိ၊ အမေရိကန်စစ်တက္ကသိုလ်တွေ၊ စစ်သင် တန်းကျောင်းတွေမှာ သင်တန်းတက်တာတွေရှိတဲ့အတွက် ဒီမိုကရေစီအမေရိကန်နိုင်ငံက အတွေးအခေါ်တွေ စိတ် ဓာတ်တွေ စိမ့်ဝင်ကူးစက်နေလို့ လူထုတိုက်ပွဲကို ပစ်ခတ်နှိမ်နင်းတာမရှိဘဲ တော်လှန်ရေးတွေအောင်သွားတယ်လို့ ယူဆခဲ့ ကြပါသေးတယ်။ ဒါပေမဲ့ ယီမင်နဲ့ဘာရိန်း အပါအဝင် အမေရိကန်ရဲ့ အမာခံမဟာမိတ်နိုင်ငံတွေမှာ ရက်ရက် စက်စက် ပစ်သတ်ပြီး ဒီမိုကရေစီမရ၊ လူထုတိုက်ပွဲ မနိုင်ဘဲဖြစ်နေတဲ့အခါ စောစောကစဉ်းစားချက်တွေကို ပယ်ဖျက် လိုက်ကြရပါတော့တယ်။
၆။ အမေရိကန်ဆန့်ကျင်ရေးသမား ဆီးရီးယားနိုင်ငံမှာ လူထုတိုက်ပွဲတွေ ဇန်နဝါရီ ၂၆ မှာ စပေါ်ခဲ့ပြီး အာဏာရှင် သမ္မတ အာဆဒ်က ရက်ရက်စက်စက်ပစ် ခတ်နှိမ်နင်းလို့ အခုအထိ လူပေါင်း ၁၈၀၀ ကျော် အသက်ဆုံးခဲ့ပါတယ်။ ဒါပေမဲ့ ပြည် သူလူထုတွေဟာ အခုထိ ဇွဲနဘဲကြီးကြီးနဲ့ တိုက်ပွဲဝင်နေဆဲဖြစ်ပြီး လက်နက်ကိုင်တိုက်ပွဲနဲ့ ပေါင်းစပ်မယ့် အလားအလာ ရှိနေပါတယ်။ ဆီးရီးယားအာဏာရှင်အစိုးရကို ရုရှားနိုင်ငံက ရာနှုန်းပြည့် ထောက်ခံကူညီနေပါတယ်။ နအဖ-ကြံ့ဖွတ်ကို တရုတ်နိုင်ငံကထောက်ခံသလိုမျိုး ကုလသမဂ္ဂဗီတိုအာဏာ နဲ့ လက်နက်ခဲယမ်း အပါအဝင် ဘက်ပေါင်းစုံက ထောက် ခံပေးနေတာ ဖြစ်ပါတယ်။
ဒီ ၆ နိုင်ငံအပြင် အာဏာရှင်ဆန့်ကျင်ရေး လူထုတိုက်ပွဲဆိုတဲ့ အာရပ်လှိုင်းစီးခဲ့တဲ့ တခြားအာရပ်နိုင်ငံတွေကတော့…
၇။ သက်ဦးဆံပိုင်ပဒေသရာဇ် ဂျော်ဒန် (ဇန်နဝါရီ ၁၄ ရက် လူထုတိုက်ပွဲစခဲ့ပြီး အကြမ်းဖက်နှိမ်နင်းခံရ၊ အသေ အ ပျောက် နည်းနည်းရှိ၊ အခုထိ တိုက်နေဆဲ)
၈။ သက်ဦးဆံပိုင်ပဒေသရာဇ် အိုမန် (ဇန်နဝါရီ ၁၇ ရက် လူထုတိုက်ပွဲစခဲ့ပြီး ပစ်ခတ်နှိမ်နင်းခံရ၊ လူ ၁၀ ယောက်နီးပါး သေ၊ မေလနှောင်းပိုင်း အရှိန်လျော့)၊
၉။ သက်ဦးဆံပိုင်ပဒေသရာဇ် ကူဝိတ် (ဖေဖော်ဝါရီ ၁၉ ရက် လူထုတိုက်ပွဲစပြီး အကြမ်းဖက်နှိမ်နင်းခံရ၊ အသေ အ ပျောက်မရှိ၊ ဇွန်လအထိ တိုက်နေဆဲ)၊
၁၀။ သက်ဦးဆံပိုင်ပဒေသရာဇ် ဆော်ဒီအာရေးဗျ (ဇန်နဝါရီ ၂၁ ရက် လူထုတိုက်ပွဲစခဲ့ပြီး အကြမ်းဖက်နှိမ်နင်းခံရ၊ အ သေအပျောက် နည်းနည်းရှိ၊ လောလောဆယ်မှာ အမျိုးသမီးတွေဦးဆောင်ပြီး ကားမောင်းခွင့်ရရေး ခေါင်းစဉ်နဲ့ လူထု တိုက်ပွဲ ဆက်လုပ်နေပါတယ်)၊
၁၁။ သက်ဦးဆံပိုင်ပဒေသရာဇ် မော်ရိုကို (ဇန်နဝါရီ ၃၀ ရက် လူထုတိုက်ပွဲစခဲ့ပြီး အကြမ်းဖက်နှိမ်နင်းခံရ၊ လူ ၁၀ ယောက်နီးပါး သေ၊ အခုထိ တိုက်နေဆဲ)၊
၁၂။ မော်ရိုကိုသိမ်းပိုက်ခံ အနောက်ဆာဟာရ (ဖေဖော်ဝါရီ ၂၆ ရက် လူထုတိုက်ပွဲစခဲ့ပြီး အကြမ်းဖက်နှိမ်နင်းခံရ၊ အ သေအပျောက်နဲနဲရှိ)၊
၁၃။ အီရတ် (ဖေဖော်ဝါရီ ၁၀ ရက် လူထုတိုက်ပွဲစခဲ့ပြီး အကြမ်းဖက်ပစ်ခတ်နှိမ်နင်းခံရ၊ လူ ၃၀ ကျော်သေ၊ ဇွန်လ နှောင်းပိုင်း အရှိန်လျော့)၊
၁၄။ အီရတ် ကာဒစ်စတန် (ဖေဖော်ဝါရီ ၁၇ ရက် လူထုတိုက်ပွဲစခဲ့ပြီး အကြမ်းဖက်ပစ်ခတ်နှိမ်နင်းခံရ၊ လူ ၁၀ ယောက် လောက်သေ)၊
၁၅။ လက်ဘနွန် (ဖေဖော်ဝါရီ ၂၇ ရက် လူထုတိုက်ပွဲစခဲ့၊ ဂိုဏ်းဂဏအကြမ်းဖက်မှုကြောင့် ၁၀ ယောက်လောက်သေ)၊
၁၆။ အဇ္ဇရေးနယ်စပ် (မေ ၁၅ ရက် နဲ့ ဇွန်လထဲမှာ လူထုချီတက်ပွဲလုပ်၊ ၄၀ ခန့်ကို အဇ္ဇရေးကပစ်သတ်)၊
၁၇။ အယ်လ်ဂျီးရီးယား (ဒီဇင်ဘာ ၂၉ ရက်စတိုက်ခဲ့ပြီး အကြမ်းဖက်နှိမ်နင်းခံရ၊ မိမိကိုယ် မီးရှို့ဆန္ဒပြသူ ၄ ယောက်ပါ၊ ရဲများလဲ ဆန္ဒပြ၊ မေလနှောင်းပိုင်း အရှိန်လျော့၊ လူ ၁၀ ယောက်နီးပါးသေ)၊
၁၈။ မော်ရီတေးနီးယား (ဇန်နဝါရီ ၁၇ ရက် လူထုတိုက်ပွဲစခဲ့ပြီး ဧပြီအထိ)၊
၁၉။ ဆူဒန် (ဇန်နဝါရီ ၃၀ ရက် လူထုတိုက်ပွဲစခဲ့ပြီး အကြမ်းဖက်နှိမ်နင်းခံရ၊ အသေအပျောက် နဲနဲရှိ)
ဒီနိုင်ငံတွေထဲမှာ အယ်လ်ဂျီးရီးယား၊ မော်ရီတေးနီးယား၊ ဆူဒန်တို့က ရုရှား-တရုတ် မဟာမိတ်တွေ ဖြစ်ပြီး ကျန်တာ အားလုံး အမေရိကန်ရဲ့ မဟာမိတ် အာဏာရှင်နိုင်ငံတွေ ဖြစ်ပါတယ်။ အီရတ်နဲ့ အီရတ်နိုင်ငံထဲက ကာဒစ်စတန် ပြည် နယ်တို့ဆိုရင် အမေရိကန်စစ်တပ်တွေ ရောက်ရှိသိမ်းပိုက်ထားပြီး ဒီမိုကရေစီရနေပြီဆိုတဲ့ နိုင်ငံတွေဖြစ်သလို လက်ဘ နွန်ကတော့ ဒီမိုကရေစီတပိုင်းနိုင်ငံ ဖြစ်ပါတယ်။ ဒီတော့ ခြုံကြည့်လိုက်ရင် အမေရိကန်လူဖြစ်ဖြစ် အမေရိကန် ဆန့် ကျင်ရေးသမားဖြစ်ဖြစ် အာဏာရှင်တွေဟာ အာဏာကိုထိန်းသိမ်းနိုင်ဖို့အတွက် အကြမ်းဖက်ဖို့ လက်မနှေးဘူး၊ လူ သတ်ဖို့ ဝန်မလေးဘူးဆိုတာ တွေ့ရပါတယ်။
အာရပ်ကမ္ဘာမှာ အာဏာရှင်ဆန့်ကျင်ရေးလှိုင်း မစီးခဲ့တာ ကာတာ နဲ့ ယူအေအီးဘဲ ကျန်ပါတယ်။ ဒီ ၂ နိုင်ငံမှာတော့ အင်တာနက်ထဲကွန်ယက်ဖွဲ့ ကြေညာချက်ထုတ်တဲ့အဆင့်က မတက်ခဲ့ပါဘူး။
ကမ္ဘာ့သတင်းတွေမှာ သိသိသာသာမပါခဲ့ပေမဲ့ အာရပ်ကမ္ဘာရဲ့ပြင်ပမှာလဲ အာရပ်လှိုင်းစီးတဲ့နိုင်ငံတွေ မနည်းမနော ရှိခဲ့ပါတယ်၊ ရှိနေပါတယ်။ အာရှတိုက်မှာဆိုရင် …
(၁) အမေရိကန်ဆန့်ကျင်ရေးအမာခံ အစ္စလမ်အာဏာရှင်စနစ်အီရန်နိုင်ငံကတော့ သတင်းတွေမှာ အပါများလို့ ထင် ရှားခဲ့ပါတယ်။ အီရန်မှာ ဖေဖော်ဝါရီ ၁၄ ရက်မှာ လူထုတိုက်ပွဲစခဲ့ပါတယ်။ ၁၅ ယောက်လောက် ပစ်သတ်ခံရပြီး မေလ ထဲမှာ အရှိန်လျော့သွားခဲ့ပါတယ်။
(၂) အမေရိကန်မဟာမိတ်ဖြစ်တဲ့ တူရကီနိုင်ငံမှာ ကာ့ဒ်တိုင်းရင်းသားတွေက မတ်လ ၂၄ ရက်မှာ တိုင်းရင်းသား တန်း တူအခွင့်အရေး လူထုတိုက်ပွဲစခဲ့ပြီး အကြမ်းဖက်နှိမ်နင်းခံရလို့ ၅ ယောက်လောက်သေခဲ့ပါတယ်။ အခုထိ ဆက်တိုက် နေတုံးဖြစ်ပါတယ်။
(၃) တရုတ်နိုင်ငံနဲ့ (၄) ဗီယက်နမ်နိုင်ငံမှာတော့ အဓိကအားဖြင့် အင်တာနက်လှုပ်ရှားမှုအဆင့်ဘဲ ဖြစ်ခဲ့ပါတယ်။ တရုတ်ပြည်မှာ ဖေဖော်ဝါရီ ၂၀ ရက် လူထုတိုက်ပွဲစဖို့ စည်းရုံးပြင်ဆင်ခဲ့ပေမဲ့ တရုတ်အာဏာရှင်အစိုးရက အင်အား အကြီးအကျယ်သုံး ဟန့်တားနိုင်ခဲ့ပါတယ်။ ဗီယက်နမ်မှာတော့ ဖေဖော်ဝါရီ နဲ့ မတ်လအတွင်း ကိုယ့်ကိုယ်ကို မီးရှို့ ဆန္ဒပြမှုတခုနဲ့ ဆန္ဒပြပွဲအသေးစားတချို့ ဖြစ်ခဲ့ပါတယ်။
(၅) တရုတ်ကိုလိုနီ တိဘက်မှာ ဇွန် ၆ ရက်ကနေ အခုအထိ သံဃာတွေနဲ့ အရပ်သားတွေ ဆန္ဒပြနေကြပါတယ်။ တရုတ်အစိုးရကလဲ ဖြိုခွဲ ဖမ်းဆီးတာတွေ လုပ်ခဲ့ပါတယ်။ အသေအပျောက်သတင်း မကြားရသေးပါ။
(၆) ၂၀၀၄-၂၀၀၅ မှာ လူထုတိုက်ပွဲတွေဖြစ်ခဲ့ပြီး ၂၀၀၈ မှာ ဒီမိုကရေစီတော်လှန်ရေး ငြိမ်းချမ်းစွာအောင်မြင် သွားခဲ့ တယ် ဆိုတဲ့ မောလဒိုက်နိုင်ငံမှာ ၂၀၁၁ မေ ၁ ရက်နေ့မှာ လူထုဆန္ဒပြပွဲတွေစခဲ့ပါတယ်။ ဒါကို ၂၀၀၈ မှာ အာဏာ ရလာခဲ့တဲ့ ဒီမိုကရေစီတော်လှန်ရေးခေါင်းဆောင်ဆိုသူ လက်ရှိသမတက အကြမ်းဖက်နှိမ်နင်းခဲ့ပါတယ်။
(၇) အာဖဂန်နစ္စတန်နိုင်ငံမှာ မတ်လ ၆ ရက်ကစပြီး အမေရိကန်ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲတွေ လုပ်ခဲ့ကြပါတယ်။ မေလကုန်အထိ အယောက် ၃၀ လောက် ပစ်သတ်ခံခဲ့ရပြီဖြစ်ပါတယ်။
(၈) ပစိဖိတ်သမုဒ္ဒရာထဲက ဖီဂျီကျွန်းနိုင်ငံမှာ မတ်လ ၄ ရက် လူထုတိုက်ပွဲစဖို့ စီစဉ်ခဲ့ပေမဲ့ စစ်အာဏာရှင်တွေက ကြို တင်ပြီး ရက်ရက်စက်စက်နှိပ်ကွပ်ခဲ့ပါတယ်။
အာဖရိကတိုက်မှာ အာရပ်လှိုင်းစီးတဲ့နိုင်ငံတွေကတော့ –
(၁) အိုင်ဗရီကို့စ်နိုင်ငံမှာ ရွေးကောက်ပွဲနိုင်တဲ့လူကို အာဏာလွှဲမပေးတဲ့ အာဏာရှင် ဂဘာ့ဂ်ဘို ကို ကုလသမဂ္ဂ အ သိအမှတ်ပြု ရွေးကောက်ပွဲနိုင် ဥတ္တရ က ဖေဖော်ဝါရီလကုန်ပိုင်းမှာ လက်နက်ကိုင်တိုက်ပွဲ စတင်ဆင်နွှဲခဲ့ပါတယ်။ တချိန်တည်းမှာ အမျိုးသမီးခေါင်းဆောင် အိုင်ယာတူရေ က အမျိုးသမီး ငါးသောင်းလောက်ပါဝင်တဲ့ လူထုတိုက်ပွဲကို မတ်လ ၃ ရက်နေ့နဲ့ ၈ ရက်နေ့တွေမှာ ဆင်နွှဲခဲ့ပါတယ်။ အာဏာရှင်အစိုးရက ဆန္ဒပြအမျိုးသမီး ၁၀ ယောက်လောက် ကို ပစ်သတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဧပြီ ၁၁ ရက်မှာ အာဏာရှင်ဂဘာ့ဂ်ဘို ကို အရှင်ဖမ်းမိပြီး တော်လှန်ရေးအောင်မြင် သွားခဲ့ပါတယ်။
(၂) အာဖရိကတိုက်က ဘာကီနာဖာစိုနိုင်ငံမှာလဲ ဇန်နဝါရီလကုန်ကစပြီး လူထုတိုက်ပွဲတွေ ကြီးကြီးမားမားဖြစ်ခဲ့ ပါတယ်။ ကျောင်းသားတွေ ပစ်သတ်ခံခဲ့ရပါတယ်။ ဧပြီလ ၁၅ ရက်မှာတော့ တပ်မတော်သားတွေနဲ့ ရဲတွေကလဲ လူထုတိုက်ပွဲထဲ ပါလာပြီး တပ်တွင်းပုန်ကန်မှုတွေ ဟိုတကွက် ဒီတကွက်ပေါ်လာပါတယ်။ ဒီနောက်မှာ လူထုတိုက်ပွဲ ထဲ အတိုက်အခံနိုင်ငံရေးပါတီတွေ၊ လယ်သမားတွေ ကုန်သည်တွေ အနုပညာရှင်တွေ ကျောင်းဆရာတွေ တရားသူ ကြီးတွေ ပါဝင်လာပါတယ်။ အာဏာရှင်သမတ ဘလေ့စ်ကွမ်ပါအော ကတော့ အကြမ်းဖက်သတ်ဖြတ်မှုတွေ လှည့်ဖျား မှုတွေသုံးပြီး အခုအချိန်ထိ အာဏာကို ဖက်တွယ်နေတုံးဖြစ်သလို ပြည်သူလူထုကလဲ ဇွဲနဘဲကြီးကြီးနဲ့ ဆက်လက် တိုက်ပွဲဝင်နေဆဲဖြစ်ပါတယ်။
(၃) အာဖရိကတိုက်က ရုရှားမဟာမိတ် အင်ဂိုလာနိုင်ငံမှာ မတ်လ ၆ ရက်နဲ့ ၇ ရက်တွေမှာ လူထုတိုက်ပွဲ အသေးစား တွေဖြစ်ခဲ့ပါတယ်။
(၄) အာဖရိကတိုက်က ကင်မရွန်းနိုင်ငံမှာ အလုပ်သမားတွေနဲ့ ပြည်ပရောက်အတိုက်အခံတွေက ဖေဖော်ဝါရီ ၂၃ ရက်မှာ လူထုတိုက်ပွဲတွေ ဆင်နွှဲခဲ့ပေမဲ့ အစီအစဉ်ညံ့ဖျင်းလို့ အလွယ်တကူနှိမ်နင်းခံခဲ့ရပါတယ်။
(၅) အာရပ်တပိုင်း အာဖရိကတပိုင်း ဂျီဘူတီနိုင်ငံမှာလဲ ဇန်နဝါရီ ၂၈ ရက်မှာ လူထုတိုက်ပွဲ စခဲ့ပြီး အတိုက်အခံ ခေါင်း ဆောင်တွေအားလုံးလိုလို အဖမ်းခံရပြီးနောက် ဖေဖော်ဝါရီလကုန်ပိုင်းမှာ အရှိန်လျော့သွားခဲ့ပါတယ်။ ဆန္ဒပြ သမား ၅ ယောက်လောက် အသတ်ခံခဲ့ရပါတယ်။
(၆) ဂါဘွန်နိုင်ငံမှာ ဇန်နဝါရီ ၂၉ ရက်မှာ လူထုတိုက်ပွဲစတင်ခဲ့ပြီး အကြမ်းဖက်နှိမ်နင်းခံခဲ့ရပါတယ်။ အခုအချိန်ထိ ကျောင်းသားတွေက ဦးဆောင်ပြီး လူထုတိုက်ပွဲဆင်နေဆဲ ဖြစ်ပါတယ်။
(၇) ရုရှားနဲ့တရုတ် မဟာမိတ် မိုဇမ်ဘစ်နိုင်ငံမှ အလုပ်သမားတွေက ဧပြီ ၆ ရက်မှာ လူထုတိုက်ပွဲစခဲ့တာကို ပုလိပ် တွေက ဖြိုခွင်းလို့ အလုပ်သမားတချို့ သေဆုံးခဲ့ပါတယ်။ နောက်ပိုင်းမှာ စစ်ပြန်ရဲဘော်ဟောင်းတွေ ပါဝင်လာခဲ့ပါ တယ်။ အခုအချိန်ထိ လူထုဆန္ဒပြပွဲတွေ ဆက်ဖြစ်နေသလို ပစ်သတ်ခံရတာလဲ လူ ၂၀ နီးပါး ရှိသွားပြီ ဖြစ်ပါတယ်။
(၈) သက်ဦးဆံပိုင် ပဒေသရာဇ်နိုင်ငံ ဆွာဇီလန် မှာ ပဒေသရာဇ်အာဏာရှင်ဆန့်ကျင်ရေး လူထုတိုက်ပွဲကို မတ်လ ၁၈ ရက်ကနေ ဧပြီလအထိ ဆင်နွှဲခဲ့ပြီး အကြမ်းဖက်ဖြိုခွဲခံခဲ့ရပါတယ်။
(၉) ယူဂန္ဓာနိုင်ငံမှာ ဖေဖော်ဝါရီ ရွေးကောက်ပွဲမသမာမှုတွေကြောင့် ဥရောပနဲ့ ကမ္ဘာ့ဘဏ်အချစ်တော် အာဏာရှင် မူဆယ်ဗင်နီကို ဆန့်ကျင်ဆန္ဒပြပွဲတွေ ဧပြီ ၁၁ ရက်မှာစဖြစ်ခဲ့ပါတယ်။ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ဧပြီလကုန်အထိ ၁၀ ယောက်လောက် သေခဲ့ပြီဖြစ်ပါတယ်။
(၁၀) ဇင်ဘာဘွေနိုင်ငံမှာ မတ်လ ၁ ရက် လူထုချီတက်ပွဲလုပ်ဖို့ စီစဉ်ခဲ့ပေမဲ့ အာဏာရှင်မူဂါဘီက တင်ကြိုနှိပ်ကွပ်နိုင် ခဲ့ပါတယ်။
(၁၁) စစ်ဘုရင်တွေလွှမ်းမိုးနေတဲ့ ဆိုမာလီယာနိုင်ငံမှာ ဖေဖော်ဝါရီ ၁၇ ရက်မှာ စစ်ဘုရင်ဆန့်ကျင်ရေး ငြိမ်းချမ်းရေး တောင်းဆို ဆန္ဒပြခဲ့ကြပြီး ဧပြီ ၇ ရက်မှာတော့ ကုလဝန်ထမ်းစရိတ်တွေ၊ အဲန်ဂျီအိုစရိတ်တွေ အသုံးများတာကို ဆန္ဒပြ ခဲ့ကြပါတယ်။ သမတ အာဏာတိုးပြီး ရွေးကောက်ပွဲရွှေ့ဆိုင်းတာကို မကျေနပ်လို့ ဇွန် ၉- ၁၀ ရက်တွေမှာ ဆန္ဒပြတာ ၂ ယောက်ပစ်သတ်ခံရပါတယ်။
အာရှအလယ်ပိုင်းမှာတော့ …
(၁) ဒီမိုကရေစီ အတော်အသင့်ရှိတဲ့ အာမေးနီးယားနိုင်ငံမှာ စီးပွားရေးကျပ်တည်းမှုတွေကြောင့် ဇန်နဝါရီ ၁၉ ရက်မှာ လမ်းဘေးဈေးသည်တွေက လူထုတိုက်ပွဲစဖွင့်ခဲ့ပြီး နောက်ပိုင်းမှာ နိုင်ငံရေးချုပ်ချယ်မှုတွေကိုပါ ဆန္ဒပြ အရှိန်မြင့်လာ ခဲ့တာ မေလကုန်အထိ ဖြစ်ပါတယ်။ အစိုးရဆီက လိုက်လျောချက်ကြီးကြီးမားမားရခဲ့ပါတယ်။ အစိုးရက အကြမ်းမ ဖက်ခဲ့လို့ အသေအပျောက် မရှိခဲ့ပါ။
(၂) အာဏာရှင်တပိုင်း အဇာဘိုင်ဂျန်မှာ လွတ်လပ်ခွင့်ပိုရရေးနဲ့ အကျင့်ပျက်ခြစားမှု ဆန့်ကျင်ရေးအတွက် မတ် ၁၁ ရက်မှာ လူထုတိုက်ပွဲစခဲ့တာ မေလအထိ ဆင်နွှဲခဲ့ပါတယ်။ အစိုးရက အကြမ်းဖက်နှိမ်နင်းတာ မလုပ်ပေမဲ့ လူဖမ်းပွဲ အကြီးအကျယ်လုပ်ခဲ့ပါတယ်။
(၃) ၂၀၀၃ ခု နှင်းဆီရောင်တော်လှန်ရေးနဲ့ ဒီမိုကရေစီနိုင်ငံဖြစ်လာတဲ့ ဂျော်ဂျီယာနိုင်ငံမှာတော့ ဒီမိုကရေစီအစိုးရရဲ့ အကျင့်ပျက်ခြစားမှု၊ စီးပွားရေးညံ့ဖျင်းမှုတွေကို မေလ ၂၁ ရက်ကစပြီး တပတ်ကြာ လူထုတိုက်ပွဲဆင်ခဲ့ကြပါတယ်။ ရဲတွေက ဖြိုခွဲခဲ့ရာမှာ ၂ ယောက်သေခဲ့ပါတယ်။
ယေဘုယျအားဖြင့် ဒီမိုကရေစီနိုင်ငံတွေလို့ ပြောနိုင်တဲ့ ဥရောပနိုင်ငံတချို့မှာလဲ စီးပွားရေးမကျေနပ်ချက်တွေနဲ့ အ ကျင့်ပျက်ခြစားမှုတွေကြောင့် အာရပ်လှိုင်းလိုက်စီးကြတာတွေ ရှိပါတယ်။
(၁) အယ်လ်ဘေးနီးယားနိုင်ငံမှာ စီးပွားရေးညံ့ဖျင်းမှုနဲ့ လာဘ်ပေးလာဘ်ယူမှုကို မကျေနပ်လို့ ဇန်နဝါရီ ၂၁ ရက်ကစ ပြီး လူထုတိုက်ပွဲ တိုက်ခဲ့တာ ဆန္ဒပြသမား ၄ ယောက် အသတ်ခံခဲ့ရပါတယ်။
(၂) ဥရောပတိုက်ရဲ့ နောက်ဆုံးအာဏာရှင်နိုင်ငံ ရုရှားတပည့် ဘယ်လာရုစ်မှာ မတ်လ ၂၅ ရက်ကနေ အခုထိ လူထု တိုက်ပွဲတွေ အပတ်စဉ်ဖြစ်ခဲ့ပြီး အကြမ်းဖက်ဖြိုခွဲခံခဲ့ရပါတယ်။
(၃) ခရိုအေးရှားနိုင်ငံမှာ ဖေဖော်ဝါရီ ၂၂ ရက်မှာ လမ်းပေါ်လူထုတိုက်ပွဲတွေ ပေါက်ဖွားခဲ့ပြီး အကြမ်းဖက်ဖြိုခွဲ ခံရပါ တယ်။ ဧပြီလဆန်းမှာ အရှိန်လျော့သွားခဲ့ပါတယ်။
(၄) ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ စပိန်နိုင်ငံမှာ ဘယ်ပါတီဝင်မှမဟုတ်တဲ့ လူငယ်တွေက မေ ၁၅ ရက်မှာ လူထုတိုက်ပွဲ ဆင် နွှဲပြီး နိုင်ငံရေး စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ တောင်းဆိုခဲ့ကြပါတယ်။ အခုအထိ ဆက်လက်ဆန္ဒပြနေဆဲ ဖြစ်ပါ တယ်။ ရဲတွေနဲ့ အကြမ်းဖက်မှုတွေ ရှိခဲ့ပါတယ်။
(၅) ဂရိနိုင်ငံမှာ စီးပွားရေးမကျေနပ်ချက်တွေအပေါ်ကနေ လူထုတိုက်ပွဲတွေ မေ ၂၅ ရက်မှာစခဲ့ပြီး အခုဆိုရင် ပိုပြီး တော့ ပြင်းထန်လာပါတယ်။ ရဲတွေနဲ့ အကြမ်းဖက်မှုတွေရှိပါတယ်။
(၆) အင်္ဂလိပ်ရဲ့ နောက်ဆုံးလက်ကျန်ကိုလိုနီတခုဖြစ်တဲ့ မြောက်အိုင်ယာလန်မှာ အင်္ဂလိပ်ဆန့်ကျင်ရေး လူထုတိုက်ပွဲ တွေ ဇွန် ၂၂ ရက်မှာ စတင်ခဲ့ရာမှာ အဓိကအားဖြင့် အင်္ဂလိပ်လိုလားသူတွေက အကြမ်းဖက်မှုတွေ လုပ်ခဲ့ပါတယ်။
(၇) ဆိုက်ပရပ်နိုင်ငံမြောက်ပိုင်းမှာ ဇန်နဝါရီ ၂၈ ရက်ကစပြီး တူရကီသြဇာခံအစိုးရဆန့်ကျင်ရေး လူထုတိုက်ပွဲ စလုပ် ခဲ့ပါတယ်။ ဧပြီ နောက်ပိုင်းမှာ အရှိန်လျော့သွားပါတယ်။
တောင်အမေရိက-မြောက်အမေရိကမှာ …
(၁) အမေရိကန်ပြည်ထောင်စု ဝစ္စကွန်ဆင်ပြည်နယ်မှာ အလုပ်သမားတွေနဲ့ ကျောင်းသားတွေရဲ့ လူထုတိုက်ပွဲ ဖေ ဖော်ဝါရီ ၁၄ ရက်မှာ စဖြစ်ခဲ့ပါတယ်။ အဓိကအားဖြင့် အလုပ်သမားသမဂ္ဂအခွင့်အရေး ဖျက်သိမ်းမခံရဖို့ ကာကွယ် တောင်းဆိုတာ ဖြစ်ပြီး အခုအချိန်ထိ တိုက်ပွဲဝင်နေဆဲဖြစ်ပါတယ်။ အင်ဒီယားနား နဲ့ အိုဟိုင်းယိုးပြည်နယ်တွေကိုလဲ ကူးစက်ပျံ့နှံ့နေပါတယ်။
(၂) မက်ဆီကိုမှာ မတ် ၂၈ ရက်ကစပြီး မေလဆန်းအထိ အစိုးရနဲ့ မူးယစ်ဂိုဏ်းတွေ စားကျက်လုတဲ့မူးယစ်ဆေးစစ်ပွဲ ဆန့်ကျင်ရေး လူထုတိုက်ပွဲဆင်ခဲ့ကြပါတယ်။
(၃) ဘိုလစ်ဗီးယားမှာ ကုန်ဈေးနှုန်းကျဆင်းရေးနဲ့ အစိုးရပြောင်းလဲရေးအတွက် ဖေဖော်ဝါရီ ၁၀ ရက်မှာ လူထုတိုက်ပွဲ စခဲ့ကြတာ ဧပြီလလယ်အထိ တိုက်ပွဲဝင်နေဆဲဖြစ်ပါတယ်။ အကြမ်းဖက်နှိမ်နင်းမှုတွေ ရှိပေမဲ့ အသေအပျောက် သ တင်း မကြားရပါ။
(၄) ပီရူးနိုင်ငံမှာ သတ္တုတွင်းလုပ်သားတွေက မေလဆန်းမှာ စတင်ဆန္ဒပြခဲ့ပြီး ဇွန်လထဲမှာ ဒေသတော်တော်များများ ကို လူထုတိုက်ပွဲတွေ ပျံ့နှံ့သွားခဲ့ပါတယ်။ အကြမ်းဖက်ခံရလို့ ၅ ယောက်နဲ့ ၁၀ ယောက်ကြား သေခဲ့ပါတယ်။ အခုထိ တိုက်နေဆဲဖြစ်ပါတယ်။
ဒါတွေကတော့ လက်လှမ်းမှီသမျှစာရင်းပဲ ဖြစ်ပါတယ်။ ဒီလူထုတိုက်ပွဲတွေအားလုံးဟာ ကျူနီးရှားနဲ့ အီဂျစ်တော်လှန် ရေးတွေရဲ့ လှုံ့ဆော်မှုကြောင့် ဖြစ်လာတာလို့ အဲဒီနိုင်ငံတွေက တိုက်ပွဲဝင်သူတွေကိုယ်တိုင်ပြောကြသလို အာရပ် တော်လှန်ရေးလက္ခဏာဖြစ်တဲ့ အင်တာနက်အသုံးချ စည်းရုံးတာ စီစဉ်တာတွေလဲ လုပ်ခဲ့ကြတဲ့အတွက် အာရပ်လှိုင်း စီးသူများလို့ သတ်မှတ်တာ ဖြစ်ပါတယ်။
အာရပ်လှိုင်းစီးတာကို လေ့လာကြည့်တဲ့အခါ အာရပ်လှိုင်းဟာ အနာခံစီးရတာဖြစ်ပါတယ်။ သက်တောင့်သက်သာ ဇိမ်နဲ့စီးရတာ မရှိသလောက်ပါ။ နိုင်ငံတော်တော်များများမှာ စစ်တပ် သို့မဟုတ် ပုလိပ်က တဖြောဖြောသတ်နေတဲ့ ကြားက နောက်မတွန့်ဘဲ ဇွဲနဘဲကြီးကြီးနဲ့ စီးနေကြတာ တွေ့ရပါတယ်။ ဗမာစစ်တပ်နဲ့ မတူလို့ ငြိမ်းချမ်းစွာအောင်မြင် သွားတာဆိုတဲ့ ကျူနီးရှားမှာ လူ ၂၀၀၊ အီဂျစ်မှာ လူ ၁၀၀၀ နီးပါး အသေခံခဲ့ရပါတယ်။ ဒါ့အပြင် အာရပ်လှိုင်းကို စစီး တာဟာ အများအားဖြင့် သာမန်ပြည်သူတွေဘဲဖြစ်ပြီး နိုင်ငံရေးအတိုက်အခံပါတီတွေက နောက်မှလိုက်ပြီး တက်စီး ကြတာဖြစ်ပါတယ်။ မစီးတဲ့ပါတီတွေကတော့ မြောင်းထဲ ရောက်ကုန်ကြပါတယ်။ အာရပ်လှိုင်းစီးတဲ့ ၅၂ နိုင်ငံဟာ တ နိုင်ငံနဲ့တနိုင်ငံ ထပ်တူညီတာ တခုမှမရှိသလို မူလအာရပ်လှိုင်း ကျူနီးရှား သို့မဟုတ် အိဂျစ်တို့နဲ့ ထပ်တူညီတာတွေ လဲ မတွေ့ရပါဘူး။ ကမ္ဘာ့အဆိုးဆုံး အာဏာရှင်နိုင်ငံတွေ ဆိုးပေနိုင်ငံတွေပါသလို ဒီမိုကရေစီနိုင်ငံလို့ အများသတ်မှတ် ထားတဲ့ နိုင်ငံတွေလဲ ပါပါတယ်။ အမေရိကန်ဘက်သားကော ရုရှား-တရုတ်ဘက်သားရော ပါနေပါတယ်။ ဒါပေမဲ့ အာ ဏာရှင်ဆန့်ကျင်ရေးအပါအဝင် မတရားမှုဆန့်ကျင်ရေး လှိုင်းစီးတာတော့ တူနေပါတယ်။
အာရပ်လှိုင်းစီးတာ ၅၂ နိုင်ငံရှိပေမဲ့ အာဏာရှင်ဘိုးအေနိုင်ငံကြီးဖြစ်တဲ့ မြန်မာပြည်ကတော့ လှိုင်းစီးတဲ့အထဲ မပါခဲ့တာ ထူးဆန်းနေပါတယ်။ ဒါပေမဲ့ အခုနောက်ဆုံးအခြေအနေအရ ကရင် ရှမ်း ကချင်နယ်မြေများမှာ လက်နက်ကိုင်တိုက်ပွဲ တွေ တခြိမ်းခြိမ်းဖြစ်လာနေပြီး အဲဒီကမှ မြို့ပေါ်လူထုတိုက်ပွဲတွေ၊ တပ်တွင်းပုန်ကန်မှုတွေကို တွန်းအားပေးမယ့် အ လားအလာ၊ လက်နက်ကိုင်တိုက်ပွဲနဲ့ လူထုတိုက်ပွဲ ပေါင်းစပ်မယ့်အလားအလာတော့ ရှိနေပါတယ်။ လူထုတိုက်ပွဲ ပေါက်ကွဲလာတဲ့အခါကျမှဘဲ အတိုက်အခံပါတီတွေ ပါဝင်လာနိုင်ကောင်းပါရဲ့။
ဂါမဏိ

Write A Comment

Pages 22123456 »
Rohingya Exodus